Home ×




Zawgyi     Unicode

Antenna Radiation Pattern ဆိုသည်မှာ(Zawgyi)

By ကိုမျိုး(အီလက်ထရောနစ်)    Everything

=======================

(Basic Electronic Engineering (Devices) စာအုပ်အား စတုတ္ထ အကြိမ် အဖြစ် ရန်ကုန် ၊ မန္ထလေး ၊ ကျိုင်းတုံ ၊ ပခုက္ကူ ၊ ဗန်းမော် ၊ ပြင်ဦးလွင် ၊ မုံရွာ ၊ ပုသိမ် ၊ မော်လမြိုင် ၊ စစ်ကိုင်း ၊ မကွေး ၊ ရေနံချောင်း ၊ ကျောက်ဆည် ၊ မြစ်ကြီးနား ၊ လားရှိုး ၊ မိတ္ထီလာ ၊ ပြည် ၊ နေပြည်တော် ၊ တောင်ကြီး ၊ ရွေဘို ၊ စစ်တွေ ၊ တောင်ငူ ၊ ရမည်းသင်း စတဲ့ မြို့တွေမှာ ဝယ်ယူနိုင်ပါပြီ။ ယခု စတုတ္ထ အကြိမ်မှာ DVD တစ်ချပ် ထပ်မံပါဝင်လာတာဖြစ်ပါတယ်။ အဆိုပါ DVD ထဲမှာ Software ၊ apk ၊ Video file တွေ ပါဝင်ပါတယ်)

၁။ Antenna Radiation Pattern ဆိုတာ Antenna မှ တဆင့် Electromagnetic Wave တွေ ထုတ်လွတ်ပေးရာမှာဖြစ်စေ ၊ ဖမ်းယူရာမှာ ဖြစ်စေ Antenna ရဲ့ အနေအထားနှင့် ဒီဇိုင်းပေါ်မူတည်ပြီး မည်သည့် အရပ်မျက်နှာဆီသို့ Electromagnetic Wave တွေ ပြန့်လွင့်ရောက်ရှိသွားတယ် ဆိုတာကို ဖော်ပြပေးသော Graph ပုံစံတွေပဲဖြစ်ပါတယ်။

၂။ Antenna မွ တဆင့် Electromagnetic Wave ေတွ ထုတ်လွတ်ရာမွာ Wave ပြန႔်လွင့်မႈ ရောကျရှိသှားစတေဲ့ အမြိုးအစား (၂) မြိုး ရှိတယျလို့ ပွောလို့ရနိုငျပါတယျ။
- Omni-Directional Antenna
- Directional Antenna

၃။ Omni-Directional Antenna ဆိုတာကတော့ Antenna တိုင် အနေနဲ့ တစ်ချောင်းတည်းသာ ထောင်ထားသော အမျိုးအစား ပုံစံဖြစ်ပါတယ်။ ၎င်း Antenna မှ တဆင့် Wave ပြန့်လွင့်မှု ပုံစံကတော့ Antenna တိုင် ရဲ့ ဘေးပတ်ဝန်းကျင် ပတ်ပတ်လည် ဖြစ်တဲ့ ၃၆၀ ဒီဂရီ ဆီသို့ Wave များဟာ ယေဘူယျအနေနဲ့ တူညီမှု ပြန့်လွင့်တဲ့ ပုံစံဖြစ်ပါတယ်။ တနည်းအားဖြင့် ငြိမ်သက်နေတဲ့ ရေပြင်တစ်ခုရဲ့ အလယ်မှာ ခဲလုံးတစ်လုံး ချလိုက်ပါက အဆိုပါ ခဲလုံးချလိုက်တဲ့ နေရာရဲ့ ပတ်ဝန်းကျင်မှာ ရေလှိုင်းတွေအနေနဲ့ တူညီစွာ ပြန့်နှံ့သွားတဲ့ ပုံစံဖြစ်ပါတယ်။ Omin-Directional Antenna ကနေ ထွက်လာတဲ့ Wave တွေကတော့ ဘေးပတ်ဝန်ကျင်ကို Wave တွေ ပြန့်လွင့်ရာမှာ ဘေးပတ်ဝန်းကျင် ၃၆၀ ဒီဂရီစီ အရပ်မျက်နှာ အနှံ့ကိုတော့ အတိအကျ တန်ဖိုး အနေနဲ့ ပြန့်လွင့်တဲ့ ပုံစံတော့ မဟုတ်ပါဘူး။ Omin-Directional Antenna ကနေ ထွက်ရှိသော Wave ပြန့်လွင့်ပုံ (Radiation Pattern) ပုံစံကို အောက်မှာ ဖော်ပြထားတဲ့ Graph မှာ လေ့လာနိုင်ပါတယ်။

၎။ Directional Antenna ဆိုတာကတော့ Antenna တည်ဆောက်ထားတဲ့ Design နှင့် Antenna မျက်နှာမူထားရာ အရပ်မျက်နှာမှာ Wave တွေ ပိုမိုကျယ်ပြန့်စွာ ရောက်ရှိသော အမျိုးအစား ဖြစ်ပါတယ်။ Directional Antenna ကတော့ Omin-Directional Antenna လို ဘေးပတ်ဝန်းကျင် ၃၆၀ ဒီဂရီ ဆီသို့ Wave များ တူညီစွာ ပြန့်နှံ့သွားတာမျိုး မဟုတ်ပါဘူး။ လက်နှိပ် ဓာတ်မီး ကနေ မီးအလင်း ထွက်တဲ့ ပုံစံ အတိုင်းပဲ Wave တွေဟာ လက်နှိပ်ဓာတ်မီး ညွန်ပြရာ အရပ်မျက်နှာကို ပြန့်နှံ့သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Directional Antenna နဲ့ပတ်သက်လို့ Wave ပြန့်လွင့်ပုံ (Radiation Pattern) တွေကို ဖော်ပြရာမှာ မည်သည့် အရပ်မျက်နှာဆီသို့ Wave တွေ ဘယ်လောက် Angle အထိ သက်ရောက်သွားတယ် ဆိုတာကို ဖော်ပြကြခြင်း ဖြစ်ပါတယ်။

၅။ မည်သည့်အရပ်မျက်နှာ ဆီသို့ Wave ပြန့်လွင့်တယ် ဆိုတာကို ဖော်ပြရန်အတွက် Graph အား လေ့လာတဲ့ အခါမှာ အဆိုပါ Graph ရဲ့ အခေါ်အဝေါ်တွေကို သိထားရပါမယ်။ Radiation Pattern ကို ဖော်ပြရာမှာ အဓိက အနေနဲ့ Lobe (လုံးဝန်းသော အစိတ်အပိုင်းပုံစံ) (၃) မျိုးကို ရေးဆွဲ ဖော်ပြကြပါတယ်။ အဆိုပါ Lobe (၃) မျိုးကတော့
- Main Lobe
- Back Lobe
- Side Lobe
၆။အထက်ပါ Lobe (၃) ခုဟာ Directional Antenna အသုံးပြုရာမှာ Radiation Pattern အနေနဲ့ ရေးဆွဲဖော်ပြလေ့ ရှိကြပါတယ်။ Omni-Directional Antenna နဲ့ ပတ်သက်ရင်တော့ သိပ်ပြီးတော့ မဖော်ပြကြပါဘူး။ Main Lobe ၊ Side Lobe ၊ Back Lobe ရဲ့ ပုံကို အောက်မှာ ဖော်ပြပေးထားပါတယ်။

၇။ Radiation Pattern ကို လေ့လာရာမှာ Circular Diagram ပေါ်မှာ ဖော်ပြထားတဲ့ Graph နှင့် စာသားတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ Circular Diagram ရဲ့ ဘေးပတ်ပတ်လည်မှာ နာရီ လက်တံ လှည့်တဲ့အတိုင်ွး ရေးသားထားသော ဂဏန်း တန်ဖိုးတွေ ရှိကြပါတယ်။ ၎င်းဟာ အရပ်မျက်နှာ ဒီဂရီကို ဆိုလိုခြင်းပါ။ (တနည်းအားဖြင့် Directional Antenna လှည့်ပြီးတော့ Wave များ ထုတ်လွတ်နေသော အရပ်မျက်နှာကို ဖော်ပြခြင်းဖြစ်ပါတယ်။)

၈။ Radiation Pattern ကနေ ဘယ်လောက် Angle အထိ Wave တွေ သက်ရောက်သလဲဆိုတာကို တော့ Half Power (သို့မဟုတ်) 3 dB Beamwidth ကနေ တွက်ရပါမယ်။ Half Power (သို့မဟုတ်) 3 dB Beamwidth ဆိုတာကတော့ Center Point မှာ ရှိတဲ့ Main Lobe ကနေ အပြင်ကို ပြန့်လွင့်သွားတဲ့ Wave တန်ဖိုးဟာ အပြင်ဘက် အဆုံးထိ ပြန့်လွင့်သွားပါတယ်။ အဆိုပါ အပြင်ဘက် ဆုံးမှ အတွင်းဘက်ကို ပြန်ရေတွက်ရင် 3 dB တန်ဖိုး ရှိတဲ့ Lobe တန်ဖိုးဟာ 3 dB Beamwidth လို့ ခေါ်ပါတယ်။ (တနည်းအားဖြင့် ထုတ်လွင့်သော Power ရဲ့ တဝက်တန်ဖိုးချိန်မှာ ရှိတဲ့ Lobe ကို ဆိုလိုခြင်းဖြစ်ပါတယ်။ Center ကနေ အဆိုပါ 3 dB Beamwidth မှာ ရှိတဲ့ Point တန်ဖိုး (၂) ခု ကြားဟာ Wave ထုတ်လွတ်သော Radiation Angle တန်ဖိုးပဲဖြစ်ပါတယ်။

၉။ Back Lobe ဆိုတာကတော့ Main Lobe နှင့် ပြောင်းပြန် Angle မှာ ထွက်ပေါ်လာသော Radiation Angle ဖြစ်ပါတယ်။

၁၀။ Side Lobe ဆိုတာကတော့ Main Lobe ရဲ့ ဘေးနားမှာ ထွက်ပေါ်လာသော Radiation Angle တန်ဖိုးတွေ ဖြစ်ပါတယ်။

၁၁။ Main Lobe ရဲ့ 3 dB Beamwidth တန်ဖိုးဟာ ကျဉ်းလေလေ ၊ မိမိထုတ်လွတ်လိုသော အရပ်မျက်နှာကို ပိုမိုထိရောက်စွာနှင့် Electromagnetic Wave တွေကို ရောက်ရှိစေလေလေပဲဖြစ်ပါတယ်။

၁၁။ Directional Antenna တွေရဲ့ တည်ဆောက်ပုံ Design တွေပေါ်မူတည်ပြီးတော့ Main Lobe တန်ဖိုးတွေဟာ မတူညီကြပါဘူး။ ထို့အတူ Back Lobe နှင့် Side Lobe တွေကိုလည်း လျော့ချနိုင်သမျှ လျော့ချပြီးတော့ တည်ဆောက်လာကြပါတယ်။

၁၂။ Radiation Pattern ကို 3D ပုံစံနှင့် ပြသော ပုံကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ်။

ကျေးဇူးတင်ပါတယ်
ကိုမျိုး (အီလက်ထရောနစ်)



CopyRight © 2018 Bits Manager All Rights Reserved