Home ×




Zawgyi     Unicode

Communication ဆိုသည်မှာ

By ကိုမျိုး(အီလက်ထရောနစ်)    Everything

Communication ဆိုသည်မှာ

=================
(Basic Electronic Engineering (Devices) စာအုပ်အား စတုတ္ထ အကြိမ် အဖြစ် ရန်ကုန် ၊ မန္ထလေး ၊ ကျိုင်းတုံ ၊ ပခုက္ကူ ၊ ဗန်းမော် ၊ ပြင်ဦးလွင် ၊ မုံရွာ ၊ ပုသိမ် ၊ မော်လမြိုင် ၊ စစ်ကိုင်း ၊ မကွေး ၊ ရေနံချောင်း ၊ ကျောက်ဆည် ၊ မြစ်ကြီးနား ၊ လားရှိုး ၊ မိတ္ထီလာ ၊ ပြည် ၊ နေပြည်တော် ၊ တောင်ကြီး ၊ ရွေဘို ၊ စစ်တွေ ၊ တောင်ငူ ၊ ရမည်းသင်း စတဲ့ မြို့တွေမှာ ဝယ်ယူနိုင်ပါပြီ။ ယခု စတုတ္ထ အကြိမ်မှာ DVD တစ်ချပ် ထပ်မံပါဝင်လာတာဖြစ်ပါတယ်။ အဆိုပါ DVD ထဲမှာ Software ၊ apk ၊ Video file တွေ ပါဝင်ပါတယ်)

၁။ လူတွေဟာ တစ်ဦးနဲ့ တစ်ဦး အဆက်အသွယ် ပြုလုပ်ကြဖို့ရန်အတွက် လူမျိုးတိုင်း ၊ တိုင်းပြည်တိုင်း ၊ ဘာသာစကားတိုင်းမှာ လိုအပ်ကြပါတယ်။ အဲဒီလို အဆက်အသွယ် ပြုလုပ်ကြခြင်းအားဖြင့် လူတစ်ယောက်ရဲ့ ခံစားချက်တွေ ၊ အတွေးတွေ ၊ အယူအဆတွေ ၊ လုပ်ဆောင်လိုတာတွေ ၊ ဖြစ်ချင်တာတွေ ၊ လိုအပ်ချက်တွေကို အခြားလူတစ်ယောက်ကို ပြောပြနိုင်ကြမှာပဲဖြစ်ပါတယ်။ လူ့နေထိုင်မှု နေ့စဉ် ဘဝမှာ တစ်ဦးနှင့် တစ်ဦး ပြောဆိုဆက်သွယ်လိုတာတွေကို စကားလုံးတွေ အနေနဲ့ ဖော်ပြကြတာတွေ များပါတယ်။ တစ်ခါတစ်ရံ စာလုံးတွေ ၊ တစ်ခါတစ်ရံ ရုပ်ပုံတွေ ၊ တစ်ခါတစ်ရံ Body Language တွေ ၊ တစ်ခါတစ်ရံမှာ ဂီတပုံစံတွေ ၊ တစ်ခါတစ်ရံမှာ Electronic နည်းပညာသုံး ပစ္စည်းတွေကနေ တစ်ဆင့် ဖော်ပြကြပါတယ်။ ဒါတွေရဲ့ နောက်ဆုံး အနှစ်ချုပ်ကတော့ လူတွေဟာ တစ်ဦးနဲ့ တစ်ဦး Communication (အဆက်အသွယ်) တစ်ခုကို လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။

၂။ အဆက်အသွယ် ပြုလုပ်ရာမှာ တစ်ဦးနဲ့ တစ်ဦး မျက်နှာချင်းဆိုင်ပြီးတော့ အနီးကပ် ပြောဆို ဆက်သွယ်ကြတာတွေ ရှိကြသလို ၊ တစ်ယောက်နဲ့တစ်ယောက် မမြင်ကြရတဲ့ အဝေးတစ်နေရာကနေ နောက်တစ်နေရာကို ပြောဆို ဆက်သွယ်ကြဖို့လည်း လိုအပ်ပါတယ်။ ယခင်က တစ်နေရာကနေ အဝေးတစ်နေရာကို ဆက်သွယ်ဖို့ရန်အတွက် အပြေးသမားတွေ ၊ မြင်းတွေ ၊ ခိုတွေ စတာတွေကို အသုံးပြုကြပါတယ်။

၃။ ယနေ့ခေတ်မှာတော့ တစ်နေရာကနေ နောက်တစ်ရာကို ပြောဆိုဆက်သွယ်တဲ့ စနစ်တွေဟာ အလွန်တိုးတက်လာပါတယ်။ ၄င်ကို Information Technology (IT) လိုလည်း ခေါ်ဆိုလာကြပါပြီ။ တယ်လီဖုန်း စနစ်တွေ ၊ E-Mail စနစ်တွေ ၊ Television (TV) တွေ နှင့် Computer Networking လုပ်ဆောင်ချက်တွေကနေ တစ်ဆင့် တစ်နေရာကနေ နောက်တစ်နေရာကို လွယ်ကူမြန်ဆန်စွာနဲ့ ပြောဆို ဆက်သွယ်မှုတွေကို ပြုလုပ်လာနိုင်ကြပါတယ်။ (ဥပမာ ကမ္ဘာ့ရဲ့ အနောက်ဘက်အခြမ်းမှာ ကန်နေတဲ့ ဘောလုံးပွဲကို ကမ္ဘာ့ရဲ့ အရှေ့ဘက်အခြမ်းမှာ အချိန်နှင့် တစ်ပြေးညီ ကြည့်လို့ရနေတာမျိုးပါ။)

၎။ Television စနစ်ကို လေ့လာကြည့်မယ် ဆိုရင် ထုတ်လွင့်တဲ့ နေရာ ရှိပါတယ်။ အဆိုပါ ထုတ်လွင့်တဲ့ နေရာကို Transmitter လို့ခေါ်ဆိုပါတယ်။ ထုတ်လွင့်လိုက်တဲ့ နေရာနဲ့ ဖမ်းယူတဲ့ TV တို့ကြားထဲမှာ Medium ဆိုတဲ့ ကြားခံတစ်ခု ရှိပါတယ်။ အဆိုပါ Medium ကိုတော့ တစ်ခါတစ်ရံမှာ Channel လို့ ခေါ်ဆိုကြပါတယ်။ ထုတ်လွင့်လိုက်တဲ့ အရာတွေကို ဖမ်းယူခြင်း ပြုလုပ်ရမယ့် နေရာ ရှိပါတယ်။ အဆိုပါ ဖမ်းယူတဲ့ နေရာကိုတော့ Receiver လို့ ခေါ်ဆိုပါတယ်။ အဆိုပါ ၃ ခု ပြည့်စုံမှသာလျှင် TV နဲ့ ပတ်သက်တဲ့ Communication တစ်ခု ပြီးပြည့်စုံမှာ ဖြစ်ပါတယ်။

၅။ Television စနစ်တစ်ခုကို လေ့လာကြည့်မယ် ဆိုရင် နောက်ထပ် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှကတော့ Noise ဖြစ်ပါတယ်။ Noise ဆိုတာကတော့ နှောင့်ယှက်သံဖြစ်ပါတယ်။ အဆိုပါ Noise ဆိုတာကို Communication စနစ်တွေမှာ ရှောင်လွဲလို့ မရပါဘူး။ Noise နည်းခြင်း / များခြင်းပဲ ရှိပါတယ်။ (တနည်းအားဖြင့် Noise ကို ဘယ်လောက် အထိ လျော့ချနိုင်သလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်။) ဒါ့ကြောင့် Television စနစ်တွေမှာ Noise ကို လျော့ချပြီးတော့ အသံရော / ရုပ်ပုံတွေပါ ကောင်းမွန်အောင် အမြဲတမ်း ပြုလုပ်နေကြပါတယ်။ Television စနစ်နည်းတူ အခြားသော ဆက်သွယ်မှု စနစ်တွေရဲ့ Communication System ကို Fig (1) မှာ ဖော်ပြထားပါတယ်။


၆။ Fig (1) ကို လေ့လာကြည့်မယ် ဆိုရင် Medium ဆိုတာကတော့ Free Space ကို အသုံးပြုတာလည်းရှိပါတယ်။ Fiber Optic ကို အသုံးပြုနိုင်သလို ၊ Wire ဆိုတာကိုလည်း အသုံးပြုနိုင်ပါတယ်။ Noise ဆိုတာဟာ အဆိုပါ Medium အတွင်းမှာပဲ အဓိက အနေနဲ့ ဖြစ်ပေါ်လာခြင်းပါ။

၇။ အဆက်အသွယ် ပြုလုပ်ရာမှာ အမျိုးအစား ၃ မျိုး ရှိကြပါတယ်။

- Simplex Communication

- Half Duplex Communication

- Full Duplex Communication

၈။ Simplex Communication ဆိုတာကိုတော့ Television စနစ်တွေမှာ လေ့လာနိုင်ပါတယ်။ Television Signal ကို ထုတ်လွင့်လိုက်တဲ့ နေရာကနေ TV Signal ကို ဖမ်းယူတဲ့ နေရာအထိ ဆက်သွယ်မှု တစ်ခု ( ဆက်သွယ်မှု လမ်းကြောင်း တစ်ကြောင်းတည်းကိုသာ) အသုံးပြုပါတယ်။ Fig (2) မှာဖော်ပြထားတာကို လေ့လာနိုင်ပါတယ်။ TV Transmitter ကနေ TV Set ဆီသို့ လမ်ကြောင်း တစ်ကြောင်းတည်းကိုသာ အသုံးပြုပြီးတော့ အဆက်အသွယ် ပြုလုပ်ပေးတာပါ။ TV Set ကနေ TV Transmitter ဆီကို ပြန်ပြီးတော့ ဆက်သွယ် ထုတ်လွင့်ပေးတာမျိုး မရှိပါဘူး။


၉။ Half Duplex Communication ဆိုတာကတော့ ဟိုတယ်တွေမှာ ၊ စားသောက်ဆိုင်တွေမှာ ဝန်းထမ်းတွေ တစ်နေရာကနေ နောက်တစ်နေရာကို ဆက်သွယ်တဲ့ စက်တွေမှာ အသုံးပြုကြပါတယ်။ Half Duplex Communication စနစ်မှာတော့ အချိန်တစ်ခုမှာ ထုတ်လွင့်မှု တစ်ခုကိုသာ ပြုလုပ်နိုင်ပါတယ်။ အဆိုပါ ထုတ်လွင့်နေတဲ့ အချိန်မှာ အခြားတစ်ဖက်မှာတော့ နားထောင်ခြင်းကို ပြုလုပ်ရပါတယ်။ ဒါကြောင့် တစ်ဖက်က ပြောနေရင် အခြားတစ်ဖက်က နားထောင်ခြင်းကိုသာ ပြုလုပ်နိုင်ပါတယ်။ တပြိုင်နက်တည်း ပြောဆို ဆက်သွယ်လို့ မရပါဘူး။ Fig (3) မှာ ဖော်ပြထားတဲ့ ပုံကို လေ့လာနိုင်ပါတယ်။

၁၀။ Full Duplex Communication ဆိုတာကတော့ တယ်လီဖုန်း ဆက်သွယ်မှု စနစ်တွေမှာ လေ့လာနိုင်ပါတယ်။ တချိန်တည်းမှာပဲ စကားပြောခြင်းကို ပြုလုပ်နိုင်သလို နားထောင်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ Fig (4) မှာ ဖော်ပြထားတဲ့ ပုံကို လေ့လာနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်

ကိုမျိုး (အီလက်ထရောနစ်)



CopyRight © 2018 Bits Manager All Rights Reserved