Home ×




Zawgyi     Unicode

LED တစ်လုံးပေါ်ကျရောက်သော Voltage Drop ဆိုတာနှင့် LED ပေါ်မှ ဖြတ်စီးသွားသော Ampere တန်ဖိုး ဘယ်လောက်ရှိသင့်သလဲ

By ကိုမျိုး(အီလက်ထရောနစ်)    Everything

LED တစ်လုံးပေါ်ကျရောက်သော Voltage Drop ဆိုတာနှင့် LED ပေါ်မှ ဖြတ်စီးသွားသော Ampere တန်ဖိုး ဘယ်လောက်ရှိသင့်သလဲ


(Basic Electronic Engineering (Devices) စာအုပ်အား တတိယ အကြိမ် အဖြစ် ရန်ကုန် ၊ မန္ထလေး ၊ မုံရွာ ၊ ပုသိမ် ၊ မြိတ် ၊ မော်လမြိုင် ၊ စစ်ကိုင်း ၊ မကွေး ၊ ရေနံချောင်း ၊ ကျောက်ဆည် ၊ မြစ်ကြီးနား ၊ လားရှိုး ၊ မိတ္ထီလာ ၊ ပြည် ၊ နေပြည်တော် ၊ တောင်ကြီး ၊ ရွေဘို ၊ စစ်တွေ ၊ တောင်ငူ ၊ မြင်းခြံ ၊ ရမည်းသင်း စတဲ့ မြို့တွေမှာ ဝယ်ယူနိုင်ပါပြီ ခင်ဗျာ)


၁။ LED တွေဟာ အနည်းဆုံး 1.7V ရရှိမှသာလျင် Operate ပြုလုပ်နိုင်ကြပါတယ်။ နောက်တစ်ချက်ကတော့ LED တွေမှာ Resistor ခံရတဲ့ ရည်ရွယ်ချက်ကတော့ LED ကို ဖြတ်စီးသွားမယ့် Current တန်ဖိုးကို Limit ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။ Voltage တန်ဖိုး အနေနဲ့ Constant ပေးထားခဲ့မယ် ဆိုရင် Resistor ရဲ့ တန်ဖိုး အနည်း/အများပေါ် လိုက်ပြီးတော့ Current တန်ဖိုးလည်း လိုက်ပါ ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ LED တွေရဲ့ Anode and Cathode ကို မှန်ကန်စွာ ချိတ်ဆက်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ Power Source ရဲ့ Positive ဘက်ခြမ်းကို LED ရဲ့ Anode ဘက်အခြမ်း (Pin အရှည်ဘက်အခြမ်း) နဲ့ ဆက်သွယ်ပေးပြီးတော့ Cathode ဘက်အခြမ်းကို Power Source ရဲ့ Negative ဘက်အခြမ်းနဲ့ ဆက်သွယ်ပေးဖို့ပဲဖြစ်ပါတယ်။ ပထမ ဆုံးပုံမှာ လေ့လာနိုင်ပါတယ်။


၂။ နောက်တစ်ချက်ကတော့ LED ပေါ်မှာ ကျရောက်တဲ့ Voltage Drop တန်ဖိုး ဖြစ်ပါတယ်။ အရင်နေ့က LED အရောင်တွေ အပေါ်မူတည်ပြီးတော့ အဆိုပါ LED တွေပေါ်မှာ ကျရောက်သင့်တဲ့ Voltage Drop တန်ဖိုးတွေကို ပုံနဲ့ ဖော်ပြခဲ့ဖူးပါတယ်။ LED တစ်လုံးကို Resistor တစ်လုံးနဲ့ ချိတ်ဆက်လိုက်ရင် အဆိုပါ ချိတ်ဆက်လိုက်တဲ့ Resistor ကို Voltage Dropping Resistor သို့မဟုတ် Current Limiting Resistor လို့ ခေါ်ဆိုနိုင်ပါတယ်။ Power Supply တန်ဖိုးကို အသေထားပြီးတော့ LED တစ်လုံးနဲ့ ဆက်သွယ်ထားတဲ့ Resistor တန်ဖိုးတွေကို ပြောင်းလဲကြည့်မယ် ဆိုရင် (Variable Resistor နဲ့ ဆက်သွယ်ပြီးတော့ Resistance တန်ဖိုးတွေကို ပြောင်းလဲ ကြည့်မယ် ဆိုရင်) အဆိုပါ Voltage Drop တန်ဖိုးနှင့် ဖြတ်စီးသွားမယ့် Current တန်ဖိုးဟာလည်း ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။


၃။ အောက်မှာ ဖော်ပြထားတဲ့ ဒုတိယ ပုံမှာတော့ Power Source တန်ဖိုးတွေ ပြောင်းလဲသွားပြီးတော့ Resistance တန်ဖိုးတွေပါ လိုက်ပါ ပြောင်းလဲသွားတဲ့ နေရာမှာ Red LED ပေါ်မှာ ကျရောက်တဲ့ Voltage တန်ဖိုးက Constance ဖြစ်ပြီးတော့ Current ကတော့ တန်ဖိုးပြောင်းလဲ သွားတာကို လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ LED တစ်လုံးကို ဖြတ်စီးသွားမယ့် Current တန်ဖိုး များလေလေ LED ကနေ ထွက်ပေါ်လာမယ့် အလင်းရောင်ကလည်း ပိုမို လင်းလာလေလေပဲဖြစ်ပါတယ်။


၎။ LED တစ်လုံးကို အပေါ်မှာ Resistor ကို ထားရမလား ၊ အောက်မှာ Resistor ထားရမလား ဆိုရင် ဘယ်နေရာမှာပဲ ထားထား Voltage Drop တန်ဖိုးနှင့် Current တန်ဖိုးက အတူတူပဲဖြစ်ပါတယ်။ ဒုတိယ ပုံနှင့် တတိယ ပုံကို နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။


၅။ LED တစ်လုံးအတွင်းကို ဖြတ်စီးသွားမယ့် Current တန်ဖိုးဟာ များလာလေလေ LED ကနေ ထွက်ပေါ်လာမယ့် အလင်းရောင်ဟာလည်း ပိုမို တောက်ပလာလေလေ ဖြစ်သော်လည်း Current တန်ဖိုး အရမ်းများလာရင် LED တွေဟာ ကျွမ်းသွားမှာ (Burn Out) ဖြစ်သွားမှာပဲဖြစ်ပါတယ်။


၆။ အဲဒါဆို LED တွေကို ဖြတ်စီးသွားမယ့် Current တန်ဖိုးအနေနဲ့ ဘယ်လောက် ရှိသင့်သလဲ ဆိုတာက အရေးကြီးလာပါပြီ ။ ၎င်းကတော့ ကိုယ်လိုချင်တဲ့ အလင်းရောင် ရရှိမှု အခြေအနေ ၊ LED တစ်လုံးအနေနဲ့ အများဆုံး ခံနိုင်ရည် ရှိတဲ့ Current တန်ဖိုး စတာတွေပေါ်မူတည်မှာပဲဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ LED အမျိုးအစားအနေနဲ့ များစွာရှိတဲ့ အတွက် ဘယ်လောက် Current စီးဆင်မှ ကိုက်ညီမှု ရှိတယ် ဆိုတာကတော့ ပြောရခက်ပါတယ်။ LED အမျိုအစားတွေ အပေါ်လိုက်ပြီးတော့ ဖြတ်စီးသွားသင့်တဲ့ Current တန်ဖိုးတွေဟာလည်း တစ်မျိုးနှင့် တမျိုး မတူညီနိုင်ပါဘူး ။ တချို့ LED တွေက 1mA လောက်ဆိုရင် စတင်ပြီးတော့ လင်းချင်ရင် လင်းနေနိုင်ပေမယ့် တချို့ကျတော့ ၎င်း Current တန်ဖိုးထက် ပိုမို ပေးရတာတွေလည်း ရှိနိုင်ပါတယ်။ အဲဒါကတော့ Experience ပေါ်မှာ မူတည်မှာပဲဖြစ်ပါတယ်။ (ပိုလင်းလေ ၊ ပိုကောင်းလေ လို့ ယူဆလို့ မရပါဘူး။)


၇။ ဒါဆိုရင်တော့ LED တလုံးကို နှစ်ပေါင်းများစွာ မပျက်စီးစေပဲ အသုံးပြုနိုင်ဖို့ ဘာတွေ လိုအပ်မယ် ဆိုတဲ့ Idea တော့ ရရှိမယ် ထင်ပါတယ် ။ စာတွေထဲမှာတော့ LED တလုံးဟာ ပျမ်းမျှ သက်တမ်းအနေနဲ့ သူ့ပေးရမယ့် Voltage တန်ဖိုး ၊ စီးဆင်းသွားမယ့် Current တန်ဖိုးတွေသာ မှန်ကန်ရင် နာရီ ၁၀,၀၀၀ နဲ့ ၅၀,၀၀၀ ကြားမှာ (၄၁၆ ရက်ကနေ ၂၀၈၃ ရက်အထိ) (၁ နှစ်ကနေ ၅ နှစ်အထိ) အသုံးပြုနိုင်တယ်လို့ ရေးထားပါတယ် ။



ကျေးဇူးတင်ပါတယ်။


ကိုမျိုး (အီလက်ထရောနစ်)

No automatic alt text available.
No automatic alt text available.
No automatic alt text available.



CopyRight © 2018 Bits Manager All Rights Reserved