Home ×




Zawgyi     Unicode

Transistor (BC 548 NPN) အကြောင်း

By ကိုမျိုး(အီလက်ထရောနစ်)    Everything

Transistor (BC 548 NPN) အကြောင်း


(Basic Electronic Engineering (Devices) စာအုပ်အား တတိယ အကြိမ် အဖြစ် ရန်ကုန် ၊ မန္ထလေး ၊ မုံရွာ ၊ ပုသိမ် ၊ မော်လမြိုင် ၊ စစ်ကိုင်း ၊ မကွေး ၊ ရေနံချောင်း ၊ ကျောက်ဆည် ၊ မြစ်ကြီးနား ၊ လားရှိုး ၊ မိတ္ထီလာ ၊ ပြည် ၊ နေပြည်တော် ၊ တောင်ကြီး ၊ ရွေဘို ၊ စစ်တွေ ၊ တောင်ငူ ၊ ရမည်းသင်း စတဲ့ မြို့တွေမှာ ဝယ်ယူနိုင်ပါပြီ )


၁။ Transistor ရဲ့ symbol ကို ပထမ ပုံမှာ ပြထားပါတယ်။ NPN လား ၊ PNP လားဆိုတာ symbol မှာ ဆိုရင် မြှား ကိုကြည့်ပြီးတော့ ခွဲခြားနိုင်ပါတယ်။ မြှားရဲ့ ခေါင်းက အပြင်ကို ညွန်ပြနေတယ်ဆိုရင် NPN ပါ။ မြှားရဲ့ ခေါင်းက အတွင်းကို ညွန်ပြနေတယ်ဆိုရင် PNP ပဲဖြစ်ပါတယ်။ ပထမ ပုံမှာလည်း ပြထားပါတယ်။


၂။ BC 548 Transistor အမျိုးအစားရဲ့ Base , Collector , Emitter Pin တွေ ကို ဒုတိယပုံမှာ ပြထားပါတယ်။ BC 548 ရဲ့ မျက်နှာစာမှာ တဖက်က အပြား ဖြစ်ပြီးတော့ ၊ နောက်တဖက်က အခုံးပဲ ဖြစ်ပါတယ် ။ အပြားဘက်ကို မျက်နှာချင်းဆိုင် ထားပြီးတော့ ဘယ်ဘက်ကနေ စပြီးတော့ ရေတွက်မယ်ဆိုရင် ဘယ်ဘက် အစွန်ဆုံး Pin က Pin No 1 ပါ ။ အဆိုပါ Pin No 1ဟာ Collector ဖြစ်ပါတယ်။ ဟာ ။ ဒုတိယ Pin ကတော့ Pin No 2 ဖြစ်ပြီး Base ဖြစ်ပါတယ် ။ တတိယ Pin ကတော့ Pin No 3 ဖြစ်ပြီး Emitter ပဲ ဖြစ်ပါတယ်။


၃။ တတိယ ပုံကတော့ Online မှာ BC 548 နဲ့ ပတ်သက်ပြီး Pin Configuration တွေကို ကြည့်လို့ရတဲ့ ပုံပဲ ဖြစ်ပါတယ်။ Symbol မှာလည်း မြှားက အပြင်ကို ညွန်ပြထားလို့ NPN Transistor အမျိုးအစားဆိုတာ သိပါတယ်။ ဒါတွေက Online မှာ ဖြစ်စေ ၊ Transistor နဲ့ ပတ်သက်တဲ့ Datasheet တွေမှာ ဖြစ်စေ ၊ ECG စာအုပ်မှာ ဖြစ်စေ ၊ Software တွေမှာ ဖြစ်စေ ၊ Smart Phone ရဲ့ apk တချို့မှာ ဖြစ်စေ ဝင်ရောက် လေ့လာနိုင်ပါတယ်။


၎။ Electronic Helper ဆိုတဲ့ apk လေးကို online ကနေ Download ပြုလုပ်နိုင်ပါတယ် ။ ယခု BC 548 NPN Transistor ကိုလည်း အဆိုပါ Electronic Helper မှာ Offline အနေနဲ့ ဝင်ရောက် လေ့လာနိုင်ပါတယ်။ ယခု BC 548 NPN Transistor ရဲ့ Specification တွေကို လေ့လာလို့ ရပါတယ်။ အောက်မှာလည်း ဖော်ပြထားပါတယ်။ အခြားသော Electronic ဆိုင်ရာ formula တွေလည်း Electronic Helper ထဲမှာ ပါဝင်ပါတယ်။


၅။ BC 548 ကို NPN လား PNP လားဆိုတာကို DMM ဖြင့် အောက်ဆုံး ၂ ပုံမှာ ခွဲခြားဖော်ပြပေးထားပါတယ်။ DMM မှာ Diode Selection မှာထားပြီးတော့ BC 548 Transistor ရဲ့ Pin တွေကို တိုင်းတာခြင်း ဖြစ်ပါတယ် ။ အလယ် Pin ကို Base လို့ ယူဆပြီး DMM ရဲ့ အနီ Probe နဲ့ ထောက်ထားပြီး အနက် Probe က အခြားသော Pin ၂ ခုကို တလှည့်စီ ထောက်မယ် ဆိုရင် အောက်ဆုံး ၂ ပုံမှာပြထားတဲ့အတိုင်း Display မှာ 0.6V ခန့် တန်ဖိုးကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။


၆။ DMM ရဲ့ အနီကို ဘုံ အဖြစ်ထောက်ထားတဲ့ အလယ် Pin ဟာ Base ပဲ ဖြစ်ပါတယ် ။ နောက်တခါ Base ကို ထောက်ထားတဲ့ Pin ဟာ အနီ ဖြစ်နေလို့ NPN Transistor အမျိုးအစားပဲ ဖြစ်ပါတယ်။


၇။ တကယ်လို့ အနက် Pin ဖြစ်နေရင်တော့ PNP Transistor ဖြစ်ပါမယ် ။ PNP မှာလည်း Base ကို ရှာတာကတော့ NPN လိုပဲ လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။


၈။ Collector နဲ့ Emitter ဟာ ဘယ် Pin လဲ ဆိုတာကတော့ နောက် hfe တိုင်းလို့ရတဲ့ DMM နဲ့ဆိုရင်တော့ ခွဲခြားရတာ လွယ်ကူပါတယ်။ အလျဉ်းသင့်ပါက Collector နဲ့ Emitter Pin တွေ ခွဲခြားနည်းကို ဆက်လက်ဖော်ပြပေးပါ့မယ်။ ရ


ကျေးဇူးတင်ပါတယ်


ကိုမျိုး (အီလက်ထရောနစ်)

No automatic alt text available.
No automatic alt text available.
No automatic alt text available.
No automatic alt text available.



CopyRight © 2018 Bits Manager All Rights Reserved